Local News

မြစ်သားမြို့နယ် ၏ ဝါဈေးနှုန်း၊ ဈေးကွက်အခြေနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါသီးနှံများကိုလွန်ကျော်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျှက်ရှိရာအိန္ဒိယမျိုးနှင့် စိန်ကမ္ဘာမျိုးများကို အဓိကစိုက်ပျိုး ကြကြောင်း၊ တစ်ဧကကုန်ကျ စရိတ်မှာခုနှစ်သိန်း မှ ရှစ်သိန်းခန့်ထိကုန်ကျပြီး၊ တစ်ဧကအထွက်နှုန်းမှာပျမ်းမျှ (၄၀၀) ပိဿာမှ (၅၀၀) ထွက်ရှိကြောင်း၊ ထွက်ရှိလာသော ဝါ များကိုမြစ်သား၊ ကူမဲရှိပွဲရုံများနှင့် မန္တလေးပွဲရုံ များသို့တင်ပို့ရောင်းချလျှက်ရှိကြောင်း အထွက်နှုန်းကတော့ အရင်နှစ်ထက်ပိုမထွက်ပေမဲ့ဒီနှစ်မှာဈေးပိုရကြောင်း မြစ်သားမြို့နယ်၊ ပေတောရွာမှ ဝါစိုက်တောင်သူဦးဇော်နိုင်ကပြောပါတယ်။

ဝါဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ်၂၆၀၀မှ၂၇၀၀ ပေါက်ဈေးရှိပြီး၊ယခင်လကျပ်၂၂၀၀မှ၂၄၀၀ဈေး ရောင်းရ ပြီး ယခင်လထက်ကျပ်၃၀၀မှ ၄၀၀မြင့်တက်လာကြောင်းသိရသည်။ ဝါသီးနှံသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါ ကတောင်သူ များအနေဖြင့် အကျိုးအမြတ်ရှိပြီးဝင်ငွေကောင်းတဲ့သီးနှံဖြစ်တဲ့အတွက် တိုးချဲ့စိုက်ပျိုးသင့်သော်လည်း သွင်းအားစုဈေးမြင့် တက်လာခြင်းကြောင့် အကျိုးအမြတ်ရရှိမှုနည်း နေသေးကြောင်းသိရပါသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News